ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများ၌ အတန်းတင်စာမေးပွဲများ အေးချမ်းစွာ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများ၌ အတန်းတင်စာမေးပွဲများ အေးချမ်းစွာ စတင်ဖြေဆို


MNP   -    ဖေဖေါဝါရီ ၁၄

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများတွင် အတန်းတင်စာမေးပွဲများကို ယနေ့နံနက် ၉ နာရီ မှစတင်ကာ သက်ဆိုင်ရာ  ကျောင်းအသီးသီး၌  အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


ကျိုက်မရောမြို့နယ်၌ အခြေခံပညာ  ထက်၊ လယ်၊ မူကျောင်းပေါင်း (၁၄၁) ကျောင်း ဖွင့်လှစ်ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ အတန်းတင်စာမေးပွဲ များကိုလည်း ဖေဖော်ဝါရီ  ၁၄ ရက်မှ စတင်ကာ သက်ဆိုင်ရာ ကျောင်းအသီးသီး၌   အေးချမ်းသာယာ စွာ ကျင်းပပေးလျက်ရှိပြီး အ.ထ.က ကျိုက်မရော အထက်တန်းကျောင်း၌ Grade-6 တန်းမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၆၂) ဦး၊ Grade-7မှ ကျောင်းသား၊ ကျောင်းသူ(၉၀)ဦး၊ Grade-8 တန်းမှ ကျောင်းသား ကျောင်းသူ (၁၀၆)ဦး၊ စုစုပေါင်း  စာမေးပွဲဖြေဆိုသူ(၂၅၈)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်ကို ပထမနေ့အဖြစ် အေးချမ်းစွာ ​ဖြေဆိုလျက်ရှိကြောင်း  အ. ထ.က ကျိုက်မရောကျောင်းမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။


၂၀၂၂-၂၀၂၃ ခုနှစ်အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျောင်းအသီးသီး၌ သက်ဆိုင်ရာအတန်းအလိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)