မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးကိုစနစ်တကျသုံးစွဲရေးအသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးကိုစနစ်တကျသုံးစွဲရေးအသိပညာပေးနှိုးဆော်




MNP   -    ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျ သုံးစွဲရေး အသိပညာပေး နှိုးဆော်ခြင်းကို  ယနေ့ညနေ၅နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။


    ထိုသို့နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  လက်ထောက်မီးသတ်ဦးစီးမှူးဦးကျော်ဖြိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များကမြို့ပေါ် ရပ်ကွက်များရှိ   ပြည်သူများအနေဖြင့် နွေရာသီရောက်ရှိလာပြီးဖြစ်ပါ၍ မီးဘေးအန္တရာယ်မကျရောက်စေရန် လျှပ်စစ်မီး၊  လျှပ်စစ်မီးဖို၊ထင်းမီးဖိုမီး၊ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျ ငြှိမ်း သတ်ထားရန်၊ဟောင်းနွမ်းဆွေးမြေ့နေသောလျှပ်စစ်ဝါယာကြိုးများကို အသစ်လဲ လှယ်တပ်ဆင်အသုံးပြုရန်၊နေအိမ်များ၊ရုံးအဆောက်အဦးများတွင်မီးချိတ်၊မီးကပ်၊သဲအိတ်၊ ရေအိတ်၊မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အားဆောင်ရွက် ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါကမီးသတ်ဦးစီးဌာနသို့အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန်စသည့်အသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)