ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများကို တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများကို တွေ့ဆုံ


MNP   -    ဖေဖော်ဝါရီ ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာသိပ္ပံ (မုံရွာ)၌ ကျင်းပသည်။


ဖြည့်ဆည်းဆောင်ရွက်


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင်ပြီး မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် အမြဲတမ်းလေ့လာဆည်းပူးမှတ်သားနေကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရန်အတွက် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ပညာဝမ်းစာများပြည့်ဝစေရန် စာအုပ်၊ စာပေများများ လေ့လာဖတ်ရှုမှတ်သားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ အခက်အခဲနှင့်လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့ပြီး အမြဲတမ်းစိမ်းလန်းစိုပြည်စေရန်၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများပျော်ရွှင်စွာ လာရောက်လေ့ကျင့်ကစားနိုင်စေရန်အတွက် အားကစားကွင်း/အားကစားရုံများကို ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်တန်းသားသင်တန်းသူများကို ကိုက်ညီသင့်လျော်မည့် အားကစားနည်းအမျိုးအစားအလိုက်(Event)များ ခွဲဝေသတ်မှတ်၍ စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများ၊ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် သင်တန်းသား သင်တန်းသူများကို ပညာရေးပိုင်းနှင့် အားကစားပိုင်းတွင်ပါ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများဖြစ်စေရန် မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်းနှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန် ပြောကြားသည်။


ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိ အောင်ဇေယျာအားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ပြီး အမြဲတမ်းစိမ်းလန်းစိုပြည်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ပြည်သူများလာရောက် လေ့ကျင့်ကစားနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။


ယင်းနောက် ကလေးခရိုင်နှင့် ကလေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် လုံခြုံရေးအထူးဂရုစိုက်ကြရန်နှင့် အထက်အောက် အပြန်အလှန်လေးလေးစားစားဆက်ဆံကြရန်လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင် ရွက်လုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်းပြောကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများနှင့်တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)