ယခင်အစိုးရသက်တမ်း ၂ဆက် ဖျက်သိမ်းခဲ့ရသည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယခင်အစိုးရသက်တမ်း ၂ဆက် ဖျက်သိမ်းခဲ့ရသည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြား




MNP ၊ ဖေဖော်ဝါရီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က "ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှု များရှိကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း" ထည့်သွင်းပြောကြားသွားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ် လုပ်မှုများကို အားပေးဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှိမှသာ ရောင်းဝယ်မှုဖြစ်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကို ရရှိနိုင်ကြောင်း၊ ချည်မျှင် အတွက် ဝါကုန်ကြမ်းများလိုအပ်ကြောင်း၊ လူတစ်ဦးသည် မွေးစမှ သေဆုံးသည်အထိ အဝတ်အထည်များကိုဝတ်ဆင်ရကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါများသည် အရည်အသွေးပြည့်မီမှု မရှိသေးဘဲ ချည်မျှင်ရှည်ဝါများ ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မီသည် ချည်မျှင်များ ထုတ်လုပ်နိုင်မှသာ အဆင့်မီသည်အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း လုံလောက်စွာထုတ်လုပ်ပြီး နောက်ပိုင်းတွင် ပြည်ပသို့ပါ တင်ပို့နိုင်ရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိကြောင်း။

စားရေးနှင့်ပတ်သက်၍ စပါးအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင် မည်ဆိုပါက ပြည်ပသို့ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စပါးထွက်ကုန် များကိုအသုံးပြု၍ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများကိုလည်း အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့် စက်သုံးဆီများလုံလောက်ခြင်းမရှိသည့် အတွက် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း။


နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှု များရှိကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ လေအားသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများ ကိုဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။


လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အား အသုံးပြုသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရာတွင် ဈေးနှုန်းသက်သာသည့် မီးရထားဖြင့် သယ်ယူ ပို့ဆောင်ကြစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်း နိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်း၊ လျှပ်စစ်ဓာတ် အားသုံး မော်တော်ယဉ်များအတွက် Power Station များကို စတင်တည်ဆောက် လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း။


ပြည်တွင်းမှထွက်ရှိသည့် စက်မှုကုန်ကြမ်းများကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပလပ်စတစ် သုံးစွဲမှုများ များပြားသဖြင့် လျှော့ချသုံးစွဲကြရန်လိုကြောင်း၊ မော်တော်ယဉ်များအတွက် လိုအပ်သည့် တာယာများကို ပြည်တွင်း၌လုံလောက်စွာရရှိအောင် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် နှစ်စဉ် ပြည်ပမှတင်သွင်းနေရကြောင်း၊ ရာဘာကိုအခြေခံသည့် တာယာ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝါးနှင့်သစ်တောထွက်ပစ္စည်း များကိုအသုံးပြု၍ နိုင်ငံ့အတွက်လိုအပ်သည့် စက္ကူပျော့ဖက်များကို ထုတ်လုပ်နိုင် ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် သဘာဝသယံဇာတများကိုအသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် ပြည်ပသွင်းကုန်များကို အဆင့်မီစွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။


ခရိုင်၊ မြို့နယ်များ အားလုံးတွင် စက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စက်မှုဇုန်များ တည်ထောင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကို မိမိအနေဖြင့် အာမခံချက်ပေးပါကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)