ရသေ့တောင်မြို့၌ လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဥ်နှင့် လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဥ်နှင့် လူငယ်စကားဝိုင်း ကျင်းပ





MNP   -   ဖေဖော်ဝါရီ  ၂၂

       ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွင်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့‌ နေ့လည်(၁၂)နာရီအချိန်က မြို့နယ်ရုံးCommunity Centre ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ကျောင်းသားကျောင်းသူလူငယ်များအား နိုင်ငံနဲ့လူမျိုးကိုချစ်တတ်အောင်တန်ဖိုးထားတတ်အောင်အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ရည်ရွယ်ပြီးလူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီးဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ကာ အထက-၂မြို့မမှ G.11 မှကျောင်းသူမဆောင်းနှင်းဝေ၊G.10 မှ ကျောင်းသူ မပြည့်ဖြိုးခိုင်နှင့်G.11 မှကျောင်းသူ မသူသူခင် တို့ကမျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြတ်ရေးခေါင်းစဥ်နှင့်အပြန်အလှန်စကားဝိုင်းဆွေးနွေးခဲ့ကြသည်။


ထို့နောက် ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကဖြည့်စွက်ဆွေးနွေးပြီး၊   စိတ်ပါဝင်စားသည့်ကျောင်းသား၊ကျောင်းသူများလည်းတတ်ရောက်ခဲ့ကြသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)