တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၁၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရုံးအမှတ် (၁၄)၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနအလိုက် ပြိုင်ပွဲဝင်ကြမည့်သူများအနေဖြင့် ထမနဲတွင်ပါဝင်မည့် ပစ္စည်းများ၏ အချိုးအစားကိုက်ညီမှု၊ ချိန်သားကိုက် လှုပ်ရှားဆောင်ရွက်တတ်မှု၊ စည်းစည်းလုံးလုံးဆောင်ရွက်တတ်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု၊ စည်းကမ်းတကျရှိမှုတို့ကို ပြသသွားကြရန် အထူးတိုက်တွန်းပြောကြားလိုပါကြောင်း၊ ထမနဲထိုး ပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ဦးစီးဌာနကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ မိမိတို့၏ဝန်ကြီးဌာနကို ချစ်မြတ်နိုး ဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ တိုးတက်ဖြစ်ပေါ်လာအောင် မွေးမြူကြရန်တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုးယှဉ်ပြိုင်မည့်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထမနဲထိုး ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စုစုပေါင်း အသင်းသုံးသင်း ပါဝင်ယှဉ်ပြိုင်ကြရာ တတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံးအသင်းကို အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအသင်းအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကလည်းကောင်း၊ ပထမဆုရရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအသင်း ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများက တေးသီချင်းဖြင့် ဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)