ကေ့သောင်နယ်စပ်ဂိတ်မှ ပြန်လည်လွှဲပြောင်းအပ်နှံလာသော နေရပ်ပြန် ရခိုင်တိုင်းရင်းသားများ အား မိဘထံ သို့ပြန်လည် အပ်နှံခြင်းအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကေ့သောင်နယ်စပ်ဂိတ်မှ ပြန်လည်လွှဲပြောင်းအပ်နှံလာသော နေရပ်ပြန် ရခိုင်တိုင်းရင်းသားများ အား မိဘထံ သို့ပြန်လည် အပ်နှံခြင်းအခမ်းအနားပြုလုပ်




MNP   -   ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ကေ့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်လွှဲပြောင်း အပ်နှံလာသော ပြစ်ဒဏ်ကျခံပြီးသည့် မြောက်ဦးမြို့နယ်မှ ရခိုင်တိုင်းရင်းသား (၈) ဦး အား ထမ္မရပ်ကွက် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က မိဘထံသို့ပြန်လည် အပ်နှံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်  နှင့်အဖွဲ့ဝင်များ မှ မြောက်ဦးမြို့နယ်မှ နေရပ်ပြန်ရခိုင်တိုင်းရင်းသားများအား တစ်ဦးချင်းမိတ်ဆက်၍ အားပေးစကားများ ပြောကြား ခဲ့ ပြီးနောက် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များမှလည်း လူကုန်ကူးမှု မခံရစေရေးအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီး ရေးရာအဖွဲ့ ၊ မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့က ကြိုဆိုနှုတ်ဆက်ကြပြီး အဟာရဖြည့် စာ များပေးအပ်ခဲ့ပြီး မိဘများထံပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)