ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကာယဉာဏစွမ်းရည်ပြိုင်ပွဲများနှင့်အားကစားပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကာယဉာဏစွမ်းရည်ပြိုင်ပွဲများနှင့်အားကစားပြိုင်ပွဲများပြုလုပ်





MNP  -   ဖေဖော်ဝါရီ  ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ကာယဉာဏစွမ်းရည်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယနေ့ နေ့လယ်ပိုင်းကပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ကာယဉာဏစွမ်းရည် ပြိုင်ပွဲများ နှင့်အားကစားပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။


ဆက်လက်၌ ပြိုင်ပွဲများပြုလုပ်ရာ စိတ်ကြိုက်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲများ ပြုလုပ်ရာ ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသား ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)