MNP - ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု ပုသိမ် ရန်ကုန်ကားလမ်းမကြီးဘေးရှိ သက်ရင်းအင်းတူးမြောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်က ကျင်းပခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမြသိန်း၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ခရိုင်ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်နှင့် ကန်ကြီးထောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး အဆိုပါအင်းတူးမြောင်းအတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀)အား စုပေါင်း စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment