MNP - ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံနှင့် ကျောက်တံခါးရေလှောင်တမံတို့မှ နတ်မောက်မြို့နယ် ဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာလယ်မြေများသို့ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးရန်အတွက် ဆည်ရေများပေးဝေခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်ရှိ ရေလှောင်တမံ(၂)ခုလုံးတွင် နောက်ပိုင်းမိုးရွာသွန်းမှုကြောင့် နွေစပါးစိုက်ပျိုးရန်အတွက် ရေပေးဝေရန်လုံလောက်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှု ဦးစီးဌာနတာဝန်ရှိသူများက တောင်သူများကိုအသိပေးထားကြောင်း၊ နွေစပါးစိုက်ပျိုးရန်အတွက် ကျောက်တံခါးရေလှောင်တမံမှ ဧက(၆၀၀)၊ နတ်မောက်ရေလှောင်တမံမှ ဧက(၃၀၀) စုစုပေါင်းနွေစပါးစိုက်ဧက (၉၀၀) ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများဝမ်းစာဖူလုံရေးအတွက် နွေစပါးစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် ရတနာတိုး စပါး၊ မနောသုခစပါးနှင့် ထိုင်နှံကောက်မျိုးများကို ပွင့်ဖြူမြို့မျိုးသန့်ခြံမှ ရယူစုဆောင်းထားရှိပြီး တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
မူမူစန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment