ပဲခူးမြို့တွင် တန်ဖိုးသင့် ထမင်း၊ ဟင်းများ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် တန်ဖိုးသင့် ထမင်း၊ ဟင်းများ ရောင်းချပေး



MNP   -   ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အခြေခံလူတန်းစားပြည်သူများ သက်သာသောနှုန်းထားဖြင့်    ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းမိသားစုများမှ ပဲခူးမြို့တွင် တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။


တန်ဖိုးသင့်ထမင်း၊ဟင်းများကို ပဲခူးမြို့၊ မဇင်းရပ်ကွက်နှင့် ဥဿာမြို့(၁)ရပ်ကွက်တို့တွင် အခြေခံလူတန်းစားအများပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးနိုင်ရန်  ထမင်း/ ဟင်း (၁)ပွဲလျှင် ၅၀၀ကျပ်နှုန်းဖြင့် (ထမင်း၊ ဘဲဥ၊ ချဉ်ဟင်း၊ ငါးဟင်း၊ အစိမ်းကြော်၊ ငပိရည်) တို့စရာတို့ပါဝင်ကာ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်/ မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေး‌ရှောက်ရေးအဖွဲ့တို့ပူး‌ပေါင်း၍ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)