ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျှက်ရှိ




MNP   -   ဖေဖော်ဝါရီ  ၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက် / ကျေးရွာများ အလိုက် သတ်မှတ် စုရပ်  နေရာ များ တွင်  တို့တွင် ထိုးနှံပေးခဲ့ကြသည်။  


အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် စာရင်းများရေးသွင်းခြင်း ၊ ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက် ကျေးရွာ များရှိ ကိုယ်ဝန်ဆောင် မိခင် နှင့် အသက် (၂) နှစ် အောက် ကလေးများ အား  အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယို သောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာ ကွယ် ဆေး၊ ဝမ်း ရောဂါ ကာ ကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း များကို အ လှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုး နှံပေး လျှက်ရှိကြောင်း သိရသည်။ 


အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ် ဝန် ဆောင် မိခင်များအား ကျန်းမာရေး ဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက် ကျေး ရွာ များရှိ စုရပ် အသီးသီးတွင် ဖေဖော်ဝါရီလ ပထမအပတ်မှစတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက် ကျွေးခြင်း များကို  ဆောင် ရွက် ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင် နှင့် ကလေး စောင့်ရှောက်ရေး အ သင်း အဖွဲ့ရုံး တွင် လည်း ထိုးနှံပေး လျက်ရှိကြောင်း  သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)