MNP - ဖေဖော်ဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိသော မြန်မာနိုင်ငံသားများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကျန်စစ်သားဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် သန်လျင်ခရိုင် သန်လျင်မြို့ရှိ အမှတ်(၁)ဗျူဟာ စစ်ရေယာဉ်စု အမှတ်(၃)တံတားသို့ ရောက်ရှိကြသည်။
အဆိုပါနေရပ်ပြန် မြန်မာနိုင်ငံသားများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သန်လျင်နှင့်ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်ဖွဲ့နှင့် နေရပ်ပြန်များ၏ မိသားစုဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။ ယနေ့ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသူများတွင် အမျိုးသား(၉၈)ဦး၊ အမျိုးသမီး (၂၀)ဦးတို့ပါဝင်ပြီး သက်ဆိုင်ရာမိသားစုဝင်များနှင့် အမြန်တွေ့ဆုံနှိုင်ရေးနှင့်လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment