MNP - ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တပေါင်းလရိုးရာ မီးရှူးမီးပန်းပွဲများ ကျင်းပနေလျက်ရှိရာ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်က မီးရှူးမီးပန်းပွဲလာသူများ၊ ဒေသရိုးရာအစားအစာရောင်းချသူများဖြင့် ယနေ့တွင် ယခင်နှစ်ကထက် ပိုမို စည်ကားလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၏ ပျော်ရွှင်စရာကောင်းသော ပွဲတော်ထဲတွင် တပေါင်းလ နွေဦးရောက်သည့်အချိန်တွင် ကျင်းပလေ့ရှိသည့် ရိုးရာမီးရှူးမီးပန်းပွဲသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရိုးရာမီးရှူးမီးပန်းပွဲကို မြို့နယ်တစ်ခုလုံးကျင်းပကြပြီး နေရာဒေသပေါ်လိုက်ပြီး ပွဲတော်ကျင်း ပသည့် ရက်၊ လ၊ အချိန်ကွာခြားမှုရှိကြောင်း၊ တပေါင်းလမီးရှူးမီးပန်းပွဲကို လူကြိုက်များပြီး လူအများအပြား ပါဝင်ဆင်နွှဲကြကြောင်း၊ ရိုးရာဓလေ့နှင့်အညီ နှစ်ပေါင်းများစွာကနေ ကျင်းပပြုလုပ်ကြပြီး လက်ရှိအချိန်အထိ ကျင်းပထိန်းသိမ်းထားသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment