ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP   -    ဖေဖော်ဝါရီ  ၄

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ကြီးကြပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကံထွန်းအောင် ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ နှင့် ပြည်သူများက  မြို့မနာရီစင်လမ်းဆုံမှ မင်းဘာကြီးလမ်း နှင့် မဟာဗန္ဓုလ လမ်း တစ်လျှောက် ယနေ့ နံနက် ၇ နာရီ အချိန်က  စုပေါင်း သန့် ရှင်းရေးပြုလုပ်ခဲ့ကြသည်။ 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊  ရပ်ကွက် အုပ်ချုပ် ရေး မှူးများ နှင့် ပြည်သူ များ  စုစုပေါင်း အင်အား  ၉၀ ခန့်က စုပေါင်း၍ မြို့မနာရီစင်လမ်းဆုံမှ မင်းဘာကြီးလမ်း နှင့် မဟာ ဗန္ဓုလ လမ်း တစ်လျှောက် လမ်းဘေး ဝဲယာ တစ်လျှောက်တွင်လည်း ပလက်စတစ် အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။  


အောင်ကျော်စိန်၊ သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)