ညောင်လေးပင်မြို့နယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအား ထောက်ပံ့ပေးအပ်


MNP   -  ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ဘူတာရုံတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအားယမန်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်က  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးလုံ/ နယ်ဝန်ကြီး၊ လူမှုရေးရာလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ညောင်လေးပင်ပြည်သူ့ဆေးရုံကြီးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထောက်ပံ့ပေးအပ်ရာတွင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူ(၃)ဦးအား တစ်ဦးလျှင်(၁၀)သိန်းကျပ်၊ မျက်စိထိခိုက်ပျက်စီးသွားသူတစ်ဦးအား(၁၀)သိန်းကျပ်နှင့် လူသုံးကုန်ပစ္စည်းများ၊ အခြားဒဏ်ရာရရှိသူ(၈)ဦးအား တစ်ဦးလျှင်(၅)သိန်းကျပ်နှင့် လူသုံးကုန်ပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးလုံ/ နယ်ဝန်ကြီး၊ လူမှုရေးရာလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ဝင်များမှ ထောက်ပံ့ပေးအပ်ခဲ့ပြီး ညောင်လေးပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဒဏ်ရာရရှိသူများအား စားသောက်ဖွယ်ရာများ၊ဆေးဝါးနှင့်အသုံးအ​ဆောင် ပစ္စည်း(၉)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ညောင်လေးပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ရောက်ရှိကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)