မိုင်းဖြတ်တပ်နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်တပ်နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


MNP    -    ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်တပ်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမှတ်ပေးဒိုင်အဖွဲ့များက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒိုင်အဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြမည့် ထမနဲထိုးအသင်း(၁၇)သင်းအား သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ထမနဲထိုးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်စေခဲ့ရာ စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။ ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အသင်းအလိုက် အိုးစည်ဗုံမောင်းများ တီးခက်၍ ပျော်ရွှင်စွာကခုန်ပြီး ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ ဒုတိယဗိုလ်မှူးကြီးရာဇာထွန်းနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စစ်ဆက်ရေးကွပ်ကဲရေးမှူးမှ ဒိုင်အဖွဲ့များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ ထမနဲထိုးပြိုင်ပွဲကို မိုင်းဖြတ်တပ်နယ်၊ မိုင်းယောင်းတပ်နယ်နှင့် တာလေတပ်နယ်များမှ စုစုပေါင်း (၁၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)