MNP - ဖေဖော်ဝါရီ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီကဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက လူငယ်နှင့်ဥပဒေရေးရာအသိပညာပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာဦးစီးအရာရှိ ဒေါ်နှင်းမမဦးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး ဇာတိမာန်သီချင်းဖြင့်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး၊ ဌာနမှခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နီလာ
https://t.me/MyanmarNationalPost
No comments:
Post a Comment