(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


MNP   -    ဖေဖော်ဝါရီ ၁၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့တွင် ရုံးအမှတ် (၁) နေပြည်တော်၌ ကျင်းပသည်။


အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာ စကား ပြောကြားရာ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျ ရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို “ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်(၅) ရပ်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အကြား ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ လက်တွဲဆောင်ရွက်တတ်ရန်နှင့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တိုင်းရင်းသားဝန်ထမ်းများအကြား ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို အတူတကွ လက်တွဲတည်ဆောက်ရန် စသည့် ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ ဆန်ခါတင် စိစစ်ရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲအတွက် ဆုပေးအပ်နိုင်ရေး စိစစ်ရွေးချယ်ရာတွင် ပြိုင်ပွဲဝင် စာမူများအနက်မှ သတ်မှတ်ထားသည့် “ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရေးသားတင်ပြနိုင်ခြင်း၊ အချက်အလက် အကိုးအကား ခိုင်မာမှုရှိခြင်း၊ ကျစ်လျစ်စွာ ရေးဖွဲ့နိုင်မှုရှိခြင်း၊ သဒ္ဒါ၊ ဝါကျ၊ အသုံးအနှုန်းအထားအသိုမှန်ကန်ခြင်း၊ စာလုံးပေါင်းမှန် ကန်မှုရှိခြင်း၊ အရေးအသားတင် ပြပုံ ပြေပြစ်ကောင်းမွန်၍ ဆွဲဆောင်မှုရှိစွာ တင်ပြနိုင်ခြင်းတို့အပြင် နိုင်ငံတော်၏မူဝါဒနှင့်ကိုက်ညီမှု ရှိ- မရှိ စသည့်အချက် များအားအခြေခံ၍ စိစစ်ရွေးချယ် ဆုပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ဝန်ထမ်း များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)