နိုင်ငံတော်စီမံအုပ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ



MNP   -    ဖေဖော်ဝါရီ ၂၁

နိုင်ငံတော်စီမံအုပ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ကလေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၃၀မိနစ် အချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ တက်ရောက်လာကြသည့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား လမ်းညွှန်မှာကြားရာတွင် နိုင်ငံတော် ရှေ့ဆက်သွားမည့် လုပ်ငန်းငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏   ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးရမှုအခြေနေများကို ရှင်းပြောကြားခဲ့သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်အချုပ်ရေးအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးတို့မှ လက်ခံခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)