ပေါက်ခေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP  -   ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က စတင်ဆွေးနွေးပြောကြားရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးအတွက် နွေစပါး၊ မိုးစပါးအပြင် အခြားဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့်ဝါများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် အထွက်နှုန်းထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နွေစပါးစိုက်ပျိုးရာတွင် Dram Seeder စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ သီးနှံများစိုက်ပျိုးရာတွင် ဓာတ်မြေဩဇာဈေးကြီးမြင့်ကို လျော့နည်းစေရေးအတွက် ပိုက်ဆံလျှော်နှင့် သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် စာပေပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပပြီး ဆုများချီးမြှင့်ပေးနိုင်ရေးတို့အတွက် တက်ရောက်လာ‌သော ဌာနဆိုင်ရာ တာဝန်ရှိများနှင့် ရှင်းလင်း‌ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာနနှင့်အခြားဌာနများမှ သက်ဆိုင်ရာကဏ္ဍများ အလိုက် အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)