ဖျာပုံမြို့တွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့တွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ



MNP   -  ဖေဖော်ဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား (၄) မြို့နယ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၁) အောင်မြေခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၄)မြို့နယ် ကာယဗလမောင်နှင့် ကာယ အလှမယ် ပြိုင်ပွဲပြုလုပ်ရာ၌ ပထမဦးစွာ ကာယအလှမယ်ပြိုင်ပွဲအား ကျင်းပရာ ဖျာပုံမြို့နယ် ကိုယ်စားပြု အလှမယ် မသိမ့်မွေ့အောင်၊ ဘိုကလေးမြို့နယ် ကိုယ်စားပြုအလှမယ် မချောကေသွယ်၊ ဒေးဒရဲမြို့နယ်ကိုယ်စားပြု အလှမယ် မချစ်စန္ဒီဦး၊ ကျိုတ်လတ်မြို့နယ် ကိုယ်စားပြုအလှမယ် မနှင်းနှင်းဝေတို့က ဝင်ရောက်ယှဥ်ပြိုင်ကြပြီး၊ ကာယဗလမောင် ပြိုင်ပွဲတွင် ဖျာပုံမြို့နယ်ကိုယ်စားပြု မောင်ဘိုဘိုကျော်၊ ဘိုကလေးမြို့နယ်ကိုယ်စားပြု မောင်ထူးမြတ်ဦး၊ ဒေးဒရဲ မြို့နယ်ကိုယ်စားပြု မောင်သီဟ၊ ကျိုက်လတ်မြို့နယ်ကိုယ်စားပြု မောင်သက်ဝေစိုးတို့က အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူတို့အား တာဝန်ရှိသူများက ဂုဏ်ပြုကတ်နှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အခမ်းအနားသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ (၄)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


မာမာလွင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)