၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိပြည်သူများပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိပြည်သူများပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ


MNP   -   ဖေဖော်ဝါရီ  ၂၂

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ နိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်‌ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ထည့်သွင်းကျင်းပသွားမည်


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုနှစ်ဧပြီလတွင် ကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို နေပြည်တော်၌ ခမ်းနားအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ နေပြည်တော်၌ကျင်းပမည့် ယခုနှစ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်း။


လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်၌ ပထမဆုံးထည့်သွင်းကျင်းပခြင်းဖြစ်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအငွေ့အသက်များ မပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျင်းပရာတွင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ စနစ်တကျ သုံးသပ်စီမံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ယခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသနေပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ Brilliant Aura ကုမ္ပဏီမှတာဝန်ရှိသူနှင့် တက်ရောက်လာကြသူများက ယခုနှစ် နေပြည်တော်၌ ကျင်းပမည့် သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ အားလုံးပါဝင် ပျော်ရွှင်စေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)