နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်




MNP  -   ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်အောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို မြေပြင်ကွင်းဆင်း စစ်ဆေးရန်ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိမှုများနှင့် တင်ပြချက်များအပေါ် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းက ဒေသဆိုင်ရာအချက်အလက်များအား Projector ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဌာနဆိုင်ရာများမှ ဒေသအတွင်းလိုအပ်ချက်များနှင့် ဌာနအတွင်း လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြကြောင်း သိရသည်။


ထို့နောက် မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဗိုလ်မှူးချုပ် အောင်ကျော်မိုးက ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် အကျိုးပြုနေတာ တွေ့ရှိရပါကြောင်း၊ ဒေသအတွင်း လူမှုစီးပွားဘဝ မြင့်မားစေချင်ပါကြောင်း၊ လူမှုစီးပွားဘဝမြင့်မားရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိအနေဖြင့်လည်း စိတ်အားထက်သန်စွာဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း စသည်ဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် တွေ့ဆုံပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဗိုလ်မှူးချုပ် အောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)