မရမ်းကုန်းမြို့နယ်၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ




MNP  -   ​ဖေ​ဖော်ဝါရီ ၇

​​ကျောင်းသား​၊ ကျောင်းသူများ မူးယစ်​ဆေးဝါးအန္တရာယ်ကို သိရှိနိုင်​စေရန်နှင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ဖောင်​ဒေးရှင်းတို့ပူး​ပေါင်း၍ ယ​နေ့မွန်းလွဲ ၁ နာရီက အမှတ်(၄) အခြေခံပညာအလယ်တန်း​ကျောင်း၌ “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစ”ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ​ဆေးလိပ်​သောက်ခြင်း​၊ ကွမ်းစားခြင်း​ကြောင့်ဖြစ်​ပေါ်လာမည့် အန္တရာယ်များအ​​ကြောင်း​နှင့် ပြိုင်ပွဲခြင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့​နောက်​ကျောင်းသား​၊ ​ကျောင်းသူ​လေးများက “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစ” ကဗျာစာအုပ်ပါ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် အုပ်စုလိုက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


​အေး​အေး​အောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)