တောင်ပံကစားသမား မာတင်နယ်လီကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ဖြစ်တဲ့ အာဆင်နယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ပံကစားသမား မာတင်နယ်လီကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ဖြစ်တဲ့ အာဆင်နယ်



MNP - ဖေဖော်ဝါရီ   ၄


အာဆင်နယ်အသင်းဟာ အသင်းရဲ့ တောင်ပံကစားသမား ဂါဘရီရယ် မာတင်နယ်လီကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။မာတင်နယ်လီဟာ အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနစ်ဇွန်အထိ ၄နှစ်ခွဲ + ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်သောစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် နှစ်သိန်းသုံးသောင်း ကျော်ရရှိမည် ဖြစ်ကြောင်းသိရသည်။


အဆိုပါ အသက်၂၁ နှစ်အရွယ် ဘရာဇီးလ်သားကတော့ စာချုပ်သစ်ချုပ်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး “အာဆင်နယ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော်နှစ်သက်ပါတယ်။အသင်းမှာဘဲ ဆက်နေချင်ခဲ့တာပါ၊ အာဆင်နယ်ပရိသတ်တွေက ကျွန်တော့်ကို သူတို့ထဲက တစ်ယောက်လို ခံစားရစေပါတယ် အဲ့လို ခံစားချက်မျိုးကို တခြား ဘယ်မှာမှ ရနိုင်မယ်မထင်ပါဘူး" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)