ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


MNP  -   ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းဒေသဖွံဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ ဌာနကြီးမှူး ဗိုလ်မှူးချုပ်သန်းထွန်း (ပြည်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် ကြီးကြပ်မှု အဖွဲ့ခေါင်းဆောင်) သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူးဗိုလ်ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှ ဌာနကြီးမှူး ဗိုလ်မှူးချုပ်သန်းထွန်း (ပြည်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကြီးကြပ်မှုအဖွဲ့ခေါင်းဆောင်) သည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူးဗိုလ်ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ရွှေတောင်မြို့ သရက်တောရပ်ကွက် စုပေါင်းရုံး(၄)လမ်းရှိ ရိုးရာမောင် ချည်ထည်လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ရက္ကန်းစက်ရုံ တည်ဆောက်မည့် လျားထားမြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ယွန်းတန်းရပ်ကွက် ဒုရင်ဒုဘိုကျေးရွာ အုပ်စုနှင့် မြို့မကျေးရွာအုပ်စုသို့ ဆက်သွယ်သွားလာလျက်ရှိသော ဆည်မြောင်းဦးဌာနမှ တာဝန်ယူထိန်းသိမ်းသည့် တာဘောင်လမ်းယာဉ်သွားလာမှု အဆင်ပြေချောမွေ့စေရေး တာဘောင်ချဲ့ခြင်း လုပ်ငန်းဆောင်ရွက်ရန် တင်ပြနေမှုအခြေအနေများ၊ ကြာနီကန်ရပ်ကွက်ကသဲတန်းလမ်းရှိ ဦးဘာဘူနှင့်ဦးတူးတို့၏နို့စားနွားမွေးမြူးရေးခြံများသို့ သွားရောက်၍ နို့စားနွားမွေးမြူထားရှိမှု အခြေအနေများ၊ အထ(ရွှေတောင်)ကျောင်းဝန်းအတွင်း အစိုးရနည်းပညာအထက်တန်း ကျောင်း၊ စိုက်ပျိုးရေး မွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါကွင်းဆင်းခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဗိုလ်မှူးချုပ်သန်းထွန်းမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)