ကျိုက်ထိုမြို့နယ် တွင် စာစစ် ဌာန(၄)ခု၌ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူ(၆၇၅)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် တွင် စာစစ် ဌာန(၄)ခု၌ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူ(၆၇၅)ဦး ဝင်ရောက်ဖြေဆိုမည်




MNP  -   ဖေဖော်ဝါရီ  ၂၄

     မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြိုနယ် တွင် စာစစ်ဌာန၌ (၄)ခု၌တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမည့် ကျောင်း   သား၊‌ကျောင်းသူ(၆၇၅) ဦးဝင်ရောက်ဖြေဆိုမည်  ဖြစ်ကြောင်းသိရသည်။


    အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို   မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ခုနှစ် မတ်လ (၈ ) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျိုက်ထိုမြိုနယ်၌စာမေးပွဲကျင်းရာတွင်စာစစ်ဌာန(၄)ခုဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၊အခြေခံပညာအထက်တန်းကျောင်း(ကျိုက္ကသာ)၊အခြေခံပညာအထက်တန်းကျောင်း(စစ်တောင်း)စာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ကျိုက်ထိုမြို့နယ်၌  ယမန်နှစ်ကတက္ကသိုလ် ဝင်စာမေးပွဲ  ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ကျောင်းသူ (၁၁၂၂)ဦးရှိပြီး  (၅၂၅)ဦးအောင်မြင်ကာ  အောင်ချက်ရာခိုင်နှုန်းအ‌နေဖြင့် ( ၅၀.၉၇) ရာခိုင်နှုန်း ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)