တပ်ကုန်းမြို့၌ အာလောကစေတီတော်မြတ်အား ထုံးသင်္ကန်းဆက်ကပ်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ အာလောကစေတီတော်မြတ်အား ထုံးသင်္ကန်းဆက်ကပ်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်


MNP   -   ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာအနီး၊ ဉာဏ်တော် (၂၀)ပေ၊ လုံးပတ်တော်(၅၀)ပေခန့်ရှိ အာလောကစေတီတော်မြတ်အား ထုံးသင်္ကန်းဆက်ကပ်ခြင်းနှင့်ဘုရားဝန်းအတွင်း ချုံနွယ်၊ ပေါင်းမြက်သန့်ရှင်းရေးကို ယမန်နေ့ မွန်းလွဲပိုင်းက  စုပေါင်းဆောင်ရွက်ခဲ့သည် ။


“ကျွန်တော်တို့ စေတနာရှင်သူငယ်ချင်းတစ်စုက စိတ်တူကိုယ်တူသဒ္ဒါဖြူစွာနဲ့ ဘုရားစေတီတော် များ ထုံးသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနဲ့ သန့်ရှင်းရေးလုပ်ငန်းကို   ဆောင်ရွက်ဖြစ်ပါတယ်၊    ကျေးရွာများတွင် ဘုရားစေတီတော်များ ထုံးသင်္ကန်းများဆက်ကပ်ရန် လိုအပ်နေရင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်၍ ဒေသခံများနှင့်ပူးပေါင်းပြီး၊ ထုံးသင်္ကန်းဆက်ကပ် လှူ ဒါန်းခြင်းနှင့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်” လို့ စေတနာရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)