မြစ်ကြီးနားမြို့၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ် တောင်သူများသို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့၊ ပျိုးပင်နှင့် လုပ်ငန်းသုံးကိရိယာများနှင့် ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ် တောင်သူများသို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့၊ ပျိုးပင်နှင့် လုပ်ငန်းသုံးကိရိယာများနှင့် ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်




MNP   -   ဖေဖော်ဝါရီ  ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်တောင် သူများ သို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့များ၊ ပျိုးပင်များ၊ နည်းပညာပေးစာအုပ်များ၊ စိုက်ပျိုးထုတ် လုပ်မှု လုပ်ငန်းသုံးကိရိယာ ထောက်ပံ့ပေးအပ်ပွဲနှင့် ပူတာအို‌‌ဒေသဖွံဖြိုးတိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို နောင်နန်းရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကျင်းပြုလုပ်ခဲ့သည်။


ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယနေ့မက္ကဒေးမီးယားပျိုးပင်နှင့်မက္ကဒေးမီးယားထုတ်လုပ်မှုဆိုင်ရာ စက်ကိ ရိယာများကို ထောက်ပံ့ပေးအပ်ခြင်းသည် ဒေသခံ တောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းတစ်ခုဖြစ်သလို MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုလာမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ရရှိသည့်အခွင့်အရေးများကို အကျိုးရှိရှိအသုံးချပြီး ပြည်နယ်အတွက် အားထားရသည့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်း မှာကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်ထွန်းမြင့် မဲခေါင်-လန်ချန်း စီမံကိန်းလုပ်ငန်းများနှင့် အထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်များအတွက် ထောက်ပံ့ပေးအပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ် တောင်သူ များအတွက် မက္ကဒေးမီးယား အခွံစိမ်းခွာစက်၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ကျင်းတူးစက်နှင့် ကော်ဖီ ကိုင်းဖြတ်ပုံသွင်းကိရိယာတို့အားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် က ဘက်ထရီဆေးဖျန်းပုံး၊ မက္ကဒေးမီးယားအခွံမာခွဲကိရိယာနှင့် ကော်ဖီသီးမှည့် အချိုဓာတ်တိုင်း ကိရိယာတို့အား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ  ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဘက်မျိုးစေ့၊ ကော်ဖီမျိုးစေ့နှင့် ပိုက်ဆံလျှော်မျိုးစေ့များကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြသည့် စိုက်ပျိုးထုတ် လုပ်မှုသုံး စက်ကိရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၏ ဝါနှင့်လျှော်မျှင်သီးနှံဌာနခွဲရုံး၊ မြစ်ကြီးနားပိုးစာခြံ၌ ကချင်‌ဒေသထွက် ရိုးရာအထည်ထုတ်ကုန်များအတွက် ပိုးချည် ကုန်ကြမ်း ထုတ်လုပ်မှု တိုးတက်မြန်ဆန်လာစေရေး ပိုးချည်ထုတ်လုပ်သည့် ခြေနင်းစက်သစ်နှင့် စပ်လျဉ်း၍ ဌာနခွဲတာဝန်ခံအရာရှိ၏ တင်ပြမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်အတူ ခြေနင်းစက် သစ်ဖြင့် ပိုးချည်ထုတ်လုပ်ခြင်း သရုပ်ပြမှုနှင့် ပိုးစာလက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးခဲ့ကြကာ စိုက်ပျိုးရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)