ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ



MNP  -   ဖေဖော်ဝါရီ   ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာသရဖူကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း မဟာပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းကျင်းပရာ၌ လူငယ်တွေအနေနဲ့ အသိဉာဏ်ပညာ ဗဟုသုတတွေပိုမိုရရှိစေရန် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံမှသာနိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်နှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန် လူငယ်စကား ဝိုင်းကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်နှင့် မဟာသရဖူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်(စီမံ)ဒေါ်ခင်ခင်ဖြူအောင်တို့က ညှိနှိုင်းရေးမှူး (Moderator) များအဖြစ် ဆောင်ရွက်၍ ဆွေးနွေးပြောကြားသူများဖြစ်သော မဟာသရဖူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊လူငယ်နှင့်ယဉ်ကျေးမှုအစရှိသည့် ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေး ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း‌ ဖြေကြားပေးခဲ့ပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်အောင်လင်းက လူငယ်စကားဝိုင်းကျင်းပပေးမှုနှင့် ပက်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


လူငယ်စကားဝိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့မှ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူ(၅)ဦးအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးဌာနာမှ ဒုတိယပညာရေးမှူး၊ မဟာသရဖူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းတည်ထောင်သူဆရာ၊ ကျောင်းအုပ်(စီမံ)၊ဆရာ၊ ဆရာမများနှင ကျောင်းသား/သူစုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသောလူငယ် အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ဝင်းအိမွန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)