ဘူးသီး တောင်မြို့နယ်၊အလက(စကခ-၁၅)ကျောင်း၌ အားကစားအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီး တောင်မြို့နယ်၊အလက(စကခ-၁၅)ကျောင်း၌ အားကစားအသိပညာပေးဟောပြောပွဲကျင်းပ




MNP   -   ဖေဖော်ဝါရီ ၈

         ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလကစကခ-၁၅၊အခြေခံပညာအလယ်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ကြီးမှူး၍ အားကစားအသိပညာပေး ဟောပြောပွဲကိုယမန်နေ့က အဆိုပါကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။


       ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဒေါ်ဥမ္မာသန်းက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်အသိပညာပေး ဆွေးနွေးဟောပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်အစိုးရမှ(၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အားကစားသိပ္ပံ(စစ်တွေ) ကျောင်းသို့ တက်ရောက်ခွင့်ရရှိရေးအတွက် အားကစားသိပ္ပံနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက် အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။


      အဆိုပါ ဟောပြောပွဲသို့အလက စကခ-၁၅၊အခြေခံပညာအလယ်တန်းကျောင်းမှဆရာ၊ ဆရာမများနှင့်ကျောင်းသား/သူ (၁၀၀) ဦး တက်ရောက်ခဲ့ပြီးအားကစားအသိပညာပေးဟောပြောခဲ့ကြကြောင်း မြို့နယ်အားကစားဦးစီးမှူးဒေါ်ဥမ္မာသန်းထံမှသိရသည်။


လှကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)