သပိတ်ကျင်းမြို့နယ်တွင် ဆန်၊ဆီ၊ကြက်ဥနှင့် အ​ခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်တွင် ဆန်၊ဆီ၊ကြက်ဥနှင့် အ​ခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး




MNP   -   ဖေဖော်ဝါရီ  ၂၃

ဒေသတွင်းပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စားသောက်ရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၇:ဝ၀) နာရီမှ (၉:၀၀)နာရီအချိန်အထိ ဆန်၊ဆီ၊ကြက်သား၊ကြက်ဥနှင့် အ​​ခြေခံ စားသောက်ကုန်ပစ္စည်းများကို (အဋ္ဌမ)အကြိမ်မြောက် သက်သာသော စျေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချပေးရာတွင် ဆန်(၁) ပြည် ၁၆၀၀ကျပ်၊ဆီ( ၁)ပိဿာ၇၀၀၀ကျပ်၊ကုလားပဲတစ်​ပြည် ၂၀၀၀ကျပ်၊ ကြက်သွန်နီ( ၁)ပိဿာ၁၇၅၀ကျပ်၊အာလူး( ၁)ပိဿာ၂၄၀၀ကျပ်ဖြင့်​ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် စား​သောက်ကုန်များ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ အားဖြည့်အချိုရည်၊ ကော်ဖီမစ်၊ စည်သွတ်ဘူးများ စသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ အဖွဲ့ဝင် ( ၁)ဗိုလ်မှုးဝင်းမြတ်သူနှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသရှိပြည်သူ ( ၁၅၀) ဦးခန့်လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)