လိပ်သိုမြို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဒေသထွက်နနွင်းအခြောက်ပြုလုပ်သူများအခက်တွေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဒေသထွက်နနွင်းအခြောက်ပြုလုပ်သူများအခက်တွေ့


MNP  -  ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်မြင့်သော တောင်ပေါ်ဒေသဖြစ်ပြီး ယနေ့နံနက်ပိုင်းက အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့သဖြင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်းတို့ကြောင့် ဒေသထွက်နနွင်းအခြောက်ပြုလုပ်သူများ၊ တောင်ယာမီးရှို့ကျွန်းခွေရမည့်သူများ အခက်အခဲတွေ့လျက်ရှိကြောင်း သိရသည်။


မိုးလေဝသကြိုတင်သတိပေးထုတ်ပြန်ချက်များအားသိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့ကြသော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများ၊ သီးနှံအခြောက်ထုတ်လုပ်သူများမှာ အခက်တွေ့လျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)