ရွှေတောင်မြို့နယ်တွင် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ အခြေခံခန့်ထားရေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ အခြေခံခန့်ထားရေးသင်တန်းဖွင့်လှစ်


MNP  -   ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က ရွှေတောင်ရတနာခန်းမတွင်ယမန်နေ့ နံနက်ပိုင်းက လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ အခြေခံခန့်ထားရေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


‌ရှေးဦးစွာ  မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြား၍ သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းသို့ သင်တန်းနည်းပြ ဆရာ/ ဆရာမ(၈)ဦးတို့မှ သင်ကြားပို့ချ၍ လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမ (၁၀၇) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၆ - ၂ - ၂၀၂၃) ရက်နေ့မှ (၁၀ - ၂ - ၂၀၂၃) ရက်နေ့ထိ ( ၅) ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ စနစ်သစ် သင်ရိုးသစ်အကြောင်း သိရှိနားလည်စေရန်နှင့် စီမံ၊ ဘဏ္ဍ၊ ပညာစသည့် ဘာသာရပ်များအား သိရှိနားလည်စေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)