ပုဏ္ဏားကျွန်းမြို့ လောကမာဇိန်ဘုရားကြီးသိမ်တော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ လောကမာဇိန်ဘုရားကြီးသိမ်တော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP  -  ဖေဖော်ဝါရီ ၄

        ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်း ဦးဆောင် ၍  ဌာနဆိုင်ရာ ဝန်ထမ်း များက လောကမာရဇိန်ဘုရားကြီးသိမ်တော်အတွင်း အပြင်အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရေးဆောင်ရွက်ခြင်းကို ယနေ့၊ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြသည်။


  ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ဝန်ထမ်းအင်အား(၁၀၀)ဦးခန့်တို့က ဘုရားကြီးသိမ်တော် အတွင်း အပြင်နှင့်အနီးပတ်ဝန်းကျင်များရှိ ချုံနွယ်၊ မြက်ပင်များ၊ ပလပ်စတစ် အိပ်ခွံများနှင့်အမှိုက်သရိုက်များအား တက်ညီလက်ညီဖြင့် စုပေါင်း ရှင်းလင်း ဆောင်ရွက်နေမှု တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)