နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားဖော်ဆောင်နိုင်ရန် ပေးအပ်သောတာဝန်များကို ညီညွတ်စွာ ဆောင်ရွက်သွားကြရန်လို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားဖော်ဆောင်နိုင်ရန် ပေးအပ်သောတာဝန်များကို ညီညွတ်စွာ ဆောင်ရွက်သွားကြရန်လို


MNP   -   ဖေဖော်ဝါရီ ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် လောကနတ်ခန်းမ၌ကျင်းပရာ တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် မိမိကိုယ်မိမိတည်ဆောက်ရန်လိုအပ်ပြီး ကိုယ်စားပြုသောဌာနနှင့် နိုင်ငံတော်၏တာဝန်များကို ကျေပွန်စွာ ထမ်းရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းဖြစ်သဖြင့် တစ်ဦးတစ်ယောက်ချင်း အရည်အသွေးမြင့်မားစွာတည်ဆောက်ပြီး အစုအဖွဲ့ဖြင့် ညီညွတ်စွာဆောင်ရွက်မှသာ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်ခုထက်ပိုလျှင် ညီရမည်ဟူသောစကားအတိုင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သင်ယူလေ့လာမှုများကို စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ သင်ယူလေ့လာပြီးပါက စဉ်းစားဆင်ခြင်ဉာဏ်ဖြင့်သုံးသပ်၍ တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်အရာထမ်းများအနေဖြင့်လည်း မိမိလက်အောက်ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားတိုးတက်စေရေးအတွက် လေ့ကျင့်ပျိုးထောင် ပေးရန် လိုအပ်ကြောင်း၊ ညီညွတ်စွာဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအတွက် သစ္စာရှိရန်မှာလည်း အထူးအရေးကြီးကြောင်း၊ သစ္စာပျက်ယွင်းမှုကြောင့် လက်တွဲဖြုတ်ခဲ့ရသည့် သာဓကများရှိပါကြောင်း ပြောကြားသည်။


ထို့ပြင် နိုင်ငံတော်၏ အခြေအနေများကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မြင်တွေ့သိရှိပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုကြောင်း၊ ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန် ဥပဒေထုတ်ပြန်တားမြစ်ထားခြင်းမှာ ဒီမိုကရေစီနိုင်ငံတိုင်းလိုလို ဥပဒေဖြင့် တားမြစ်ထုတ်ပြန်ထားခြင်းဖြစ်သည်ကို သိရှိနားလည်လိုက်နာရန်လိုကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောသဘာဝအရ ဝန်ထမ်းများသည် ပြည်တွင်းတစ်လှည့် ပြည်ပတစ်လှည့် သွားရောက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ပထဝီနိုင်ငံရေးအခြေအနေကို သိရှိနားလည်သဘောပေါက်ထားရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ၏အခြေအနေအမှန်ကို သိရှိပြီး နိုင်ငံတကာမျက်နှာစာတွင် အခြားသူများနားလည်သဘောပေါက်အောင် ပြောကြားနိုင်ရေးအတွက် သံတမန်ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။


နိဂုံးချုပ်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် မိမိအောင်မြင်တိုးတက်မှုအတွက်ကြိုးစားရင်း နိုင်ငံတော်နှင့် ပြည်သူများအကျိုးစီးပွားဖော်ဆောင်နိုင်ရန် အတ္တဟိတ၊ ပရဟိတ္တစိတ်ဓာတ်ပြည့်စုံစွာဖြင့် ပေးအပ်သောတာဝန်များကို ညီညွတ်စွာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများစိတ်ဓာတ်နှင့် စွမ်းရည်ပြည့်ဝမှန်ကန်စေရေး လေ့ကျင့်ပျိုးထောင်သွားရန်လိုကြောင်း၊ တာဝန်ရှိသောအဆင့်မြင့်အရာထမ်းများအနေဖြင့်လည်း ဝန်ထမ်းများ၏ ပင်ကိုအရည်အသွေး တိုးတက်မြင့်မားစေရေးအတွက် နည်းလမ်းများ ကြံဆဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတကာအတွေ့အကြုံရှိကြသူများဖြစ်သည်နှင့်အညီ မိမိတို့၏အတွေ့အကြုံများကိုပေါင်းစပ်၍ နိုင်ငံနှင့်နိုင်ငံသားများအကျိုး ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့မှသာ လုပ်ငန်းများတိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးအခမ်း အနားသို့ တက်ရောက်လာသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)