MNP - ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်တွင်အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးဒုရဲအုပ် သန့်ဇင်ဦး ဦးဆောင်၍ ယာဉ်လမ်းစည်းကမ်းအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လည်ကအမ်းမြို့ ကျော်ဆံ ဆီဆိုင် လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ယာဉ်လမ်းစည်းကမ်း အသိပညာပေးရာတွင် အမှတ် (၂၁)ယာဉ်ထိန်းရဲတပ် ဖွဲ့စု၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးဒုရဲအုပ် သန့်ဇင်ဦး နှင် တပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေကြသည့်ပြည်သူများ၊ ခရီးသားပြည်သူများအားမော်တော်ဆိုင်ကယ်စီးနှင်းရာတွင် နှစ်ဦးထပ်ပိုစီးသူ၊ ဆိုင်ကယ်ဦးထုပ်မဆောင်သူ၊ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုး သေချာစွာမတပ်ဆင်သူများကိုအရေးယူဆောင်ရွက်ခြင်းမပြုဘဲ စည်းကမ်းလိုက်နာမှုမရှိသောကြောင့် သေဆုံးသူများလာသဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ လိုက်နာကြရန် ယာဉ်မောင်းသူ လမ်းအသုံးပြုသူများ တစ်ဦးချင်းကိုယ်စီ အသိဖြင့် လိုက်နာဖို့လိုအပ်ကြောင်း အသိပညာပေးဟောပြောပြီးယာဉ်စည်းကမ်းလမ်းစည်းကမ်းလက်ကမ်းစာစောင်များကို မြို့တွင်းသွားလာနေကြသည့်ပြည်သူများနှင့် ခရီးသားပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်းနှင့် အသိပညာပေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment