MNP - ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများ တာဝန်ရှိသူများလိုက်ပါလျက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံတွင် စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသော ရေဆင်း(၁)စပ်မျိုး (RS)နှင့်ဆင်းနေကြာ (RS) မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းသို့ ယမန်နေ့နံနက် ၁၀နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ခင်းသည် မျိုးစေ့ထုတ် (RS) ဆောင်းနေကြာစိုက်ခင်းများဖြစ်ပြီး၊ ဆင်းနေကြာ(၂) တစ်ဧကနှင့်ရေးဆင်း(၁)စပ်မျိုးနေကြာတစ်ဧက စုစုပေါင်းနှစ်ဧက ကိုအထွက်ကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရန်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ခင်းအတွင်းလှည့်လည်ကြည့်ရှုကြပြီး မျိုးသန့်သိုလှောင်ရုံအတွင်း သိုလှောင်ထားသော (RS) မျိုးကောင်းမျိုးသန့် အထွက်ကောင်း စပါးမျိုးစေ့ထုတ်များကို လှည့်လည်ကြည့်ရှုကြရာ စိုက်ပျိုးရေးတာဝန်ခံများက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
သူရကြီး
https://t.me/MyanmarNationalPost
No comments:
Post a Comment