ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်စာမေးပွဲများ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်စာမေးပွဲများ ဖြေဆို


MNP   -    ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်စာမေးပွဲများကို တစ်မြို့နယ်လုံး အတိုင်း အတာဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


အခြေခံပညာစာမေးပွဲ အလယ်တန်းအဆင့်တွင် Grade-5 ဖြေဆိုသူ (၇၁)ဦးနှင့် အထက်တန်းအဆင့်တွင် Grade-9 ဖြေဆိုသူ (၁၁၃)ဦး ဖြေဆိုလျက်ရှိပြီး စာစစ်ဌာနများဖြစ်သော အ-ထ-က(၂)၊ အ-ထ-က(၄)၊ အ-လ-က(၃)နှင့် အ-မ-က(၆)များတွင်  မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။


အဆိုပါစာမေးပွဲအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ စတင်၍ တစ်ပြိုင်နက်စတင်ဖြေဆိုကြခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဟန်စုယဉ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)