နောင်တရားမြို့၌ ဆောင်းသီးနှံ ဆီမုန်ညင်း စတင်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားမြို့၌ ဆောင်းသီးနှံ ဆီမုန်ညင်း စတင်ရိတ်သိမ်း



MNP  -  ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ဆီမုန်ညင်းကို စတင် ရိတ်သိမ်းလျက်ရှိသည်။


 “ဆီထွက်သီးနှံအဖြစ် နှမ်းတစ်ဧကနဲ့ ဆီမုန်ညင်း နှစ်ဧက စိုက်ပါတယ်။ ဆီမုန်ညင်းကို မိုးကြိုအာလူးစိုက်ပြီး ဆောင်းသီးနှံအဖြစ် နှမ်းနဲ့ ဆီမုန်ညင်းကို စိုက်ပါတယ်၊ နှမ်းကတော့ သိမ်းပြီးတာကြာပါပြီ။ ဆီမုန်ညင်းကိုတော့ ယခုမှ သိမ်းရတာပါ၊၊ ဆီမုန်ညင်းကို စီးပွားဖြစ် စိုက်တာမျိုးတော့မဟုတ်ဘူး။ အိမ်သုံးအဖြစ်စိုက်တာပါ ပိုလျှံရင်တော့ ရောင်းပါတယ်။ တစ်ဧက အထွက်နှုန်းမှာ ၈ တင်းမှ ၉ တင်းကျော်အထိ ထွက်ပါတယ်။ ဆီမုန်ညင်း အဖြူတစ်တင်းကို ဆီကျိတ်ရင် ၁၀ ပိဿာ ထွက်ပါတယ်။ အနံ့ သိပ်မရှိတော့ အိမ်သုံးအဖြစ် စားပါတယ် စားလို့လည်းကောင်းပါတယ်” ဟု သစ်ပင်မဲကျေးရွာမှ ဆီမုန်ညင်းဖြူ စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။


 “ဆီမုန်ညင်းဖြူ တစ်ပိဿာကို ကျပ် ၃၀၀၀ မှ ၃၅၀၀ အထိ အရောင်းအဝယ်လုပ်ပါတယ်။ နှမ်းလုံးတစ်ပိဿာကို ကျပ် ၄၀၀၀ မှ ၅၀၀၀၊ ကိုက်လန်ကို တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ မြေပဲ တစ်ပုံးကို ကျပ် ၁၂၀၀၀ နဲ့ အခြားဆီထွက်သီးနှံတွေကို ပေါက်ဈေးအတိုင်း ဝယ်ဖြစ်ပါတယ်။ နှမ်းလုံးဈေးက ယခင်နှစ်မှာ ဈေးကောင်းရထားတော့ ဒီနှစ်မှာ နှမ်းလုံးအရောင်းအဝယ် အေးပါတယ်” ဟု ဆီထွက်သီးနှံအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားတစ်ဦးထံမှ သိရသည်။


ဆောင်းသီးနှံဆီမုန်ညင်းကို နောင်တရားမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ဧကပေါင်း (၄၇၀) ဧက စိုက်ပျိုးကြောင်း သိရသည်။


ခွန်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)