MNP - ဖေဖော်ဝါရီ ၇
အမရပူရမြို့၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ လူငယ့်အားမာန်ကျောင်းဆောင်၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရေးရည်ရွယ်ပြီး ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကလေး၏အဓိပ္ပါယ်၊ ကလေး၏အသက်အရွယ်အပိုင်းအခြား၊ လက်ရှိကလေးငယ်များအလုပ်လုပ်နေရပုံ၊ ကလေးငယ်အခွင့်အရေးဆုံးရှုံးနေရမှု စသည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးစီးအရှိက ပြန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များကို ကျောင်းအုပ်ချုပ်ဆရာတော်ထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment