မအီမြို့ အမှတ်(၁)ရပ်ကွက် မူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အမှတ်(၁)ရပ်ကွက် မူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ






MNP  -  ဖေဖေါ်ဝါရီ    ၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက် မူလတန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အ မ က (မအီ)ကျောင်းမှ ကျောင်းသားကျောင်းသူလေးများက " မြတ်ဆရာ " သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုက အဖွင့်အမှာစကားပြောကြားပြီး အ ထ က(မအီ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ အမှတ်(၁) အ မ က (မအီ) ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မေဝင်းမာက  အမှာစကားပြောကြားပြီး အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းတင်အောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆုများကို အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများနှင့် အမှတ်(၁)ရပ်ကွက် ရပ်မိရပ်ဖများက အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြသည်။


ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ အမှတ်(၁) အ လ က (မအီ)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ ထိုသို့ မိမိတာဝန်ယူဆောင်ရွက်နေစဉ် ကာလအတွင်း ကျောင်းသား မိဘ ဆရာ ပူးပေါင်း၍ ပညာရေးစုံညီပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် များစွာကျေနပ်ဂုဏ်ယူမိပါကြောင်း၊ နောင်နှစ်များတွင်လည်း  ပညာရေးစုံညီပွဲတော်ကို ယခုနှစ်ထက် စုံစုံညီညီနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မေဝင်းမာက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)