ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP   -   ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးညွန့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူများကို ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကလေးများအနေဖြင့် မူးယစ်ဆေးကိုစမ်းသပ်ပြီးမသုံးစွဲမိကြဖို့ စသည့်အကြောင်းအရာများကိုလည်းကောင်း၊ ဂန့်ဂေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးလှဇော်ဝင်းက လူကုန်ကူးမှုအန္တရာယ်များအကြောင်း၊ လူကုန်ကူးခံရသည့် အကြောင်းတရားများအကြောင်းနှင့် လူကုန်ကူးမှုကျူးလွန်ပါကချမှတ်နိုင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအုပ်စုများ၊ မူးယစ်ဆေးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဆေးမသုံးစွဲမိစေရေး ဆောင်ရန်/ရှောင်ရန်အချက်များကိုလည်းကောင်း၊ အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဂန့်ဂေါ)မှ ရဲအုပ်အောင်ဇော်မင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကိုလည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်(၁၅၀)ကို ဖြန့်ဝေ၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြသည်။ အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


မောင်မျိုးမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)