မြောက်ဦးမြို့၌ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး ဆောင် ရွက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး ဆောင် ရွက်လျှက်ရှိ




MNP   -  ဖေဖော်ဝါရီ  ၂၁

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် အောင် တပ် ရပ် ကွက်  အတွင်းရှိနေအိမ်များသို့ သွားရောက်ပြီး တစ်အိမ်တက် ဆင်းစစ် ဆေး ခြင်း နှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေးလုံခြုံရေးရှိစေရေးအသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်ကအဆိုပါရပ်ကွက်များသို့ရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ် တက်ဆင်းစစ်ဆေးခြင်း တွင်မြို့နယ်မီးသတ် ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍မီး သတ်တပ်ဖွဲ့ ဝင် များ နှင့်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများ အနေဖြင့်မီး ဘေးအန္တရာယ် ကြိုတင် ကာ ကွယ် ရေး၊မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့်မီး လောင်မှုကြောင့်ပြည်သူများ ၏အသက်၊ အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးတို့အတွက်မီးကိုစနစ်တကျအသုံးပြုတတ်စေရေး၊ မိမိတို့၏ နေအိမ်များတွင် အသုံးပြုလျက်ရှိသောလျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက် စီးယို ယွင်းနေပါကအသစ်လဲလှယ်၍ပြန်လည်တတ်ဆင်အသုံးပြုကြရန်နှင့်လျှပ်စစ်ဝါယာချော့ကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအားစနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေး များဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးတိုင်း မီးကြွင်းမီးကျန်များအားစနစ်တကျ ငြိမ်းသတ် ထားရှိပြီးနေအိမ်များတွင် မီးသတ်ဆေးဗူး၊ မီးဂျိတ်၊မီးကပ်၊ သဲအိတ်၊ ရေပုံးများ အသင့် ထားရှိရန် နှင့်ရုတ်တရက်မီးလောင်မှု/မီးလန့်မှုများဖြစ်ပေါ်လာပါကမြို့နယ်မီးသတ်ဦးစီးဌာနသို့အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ရန်လိုအပ်ကြောင်းစသည့်အသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)