အုတ်တွင်းမြို့နယ်တွင် ခြေတုလက်တုအသေးစားပြုပြင်မှုများ အခမဲ့ပြုလုပ်‌ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်တွင် ခြေတုလက်တုအသေးစားပြုပြင်မှုများ အခမဲ့ပြုလုပ်‌ဆောင်ရွက်ပေး



MNP  -    ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်သည့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ခြေတုလက်တုပညာရှင်များနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ခြေတုလက်တုအသေးစားပြုပြင်မှုများကို စျေးရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းဝင်း၌ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


အဆိုပါအစီအစဉ်တွင် ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ကွင်းဆင်းအရာရှိဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးခင်မောင်ချိုနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များက ခြေတုလက်တုတပ်ဆင်ရန် လိုအပ်သူပြည်သူ(၂၈)ဦးကို လိုအပ်သည့် အသေးစားပြုပြင်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ခြေတုလက်တုတပ်ဆင်ရန် လာရောက်ကြသည့် ပြည်သူများအား ခြေတုလက်တုအသေးစားပြုပြင်ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အအေးနှင့်မုန့်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)