မိုးမိတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ





MNP  -    ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန်က မြို့ကျက်သရေဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ရှမ်းတိုင်းရင်းသား အလံအား အလေးပြုခြင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက်  ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်ကဖတ်ကြားခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကဖတ်ကြားခဲ့ကာ ဆက်လက်ပြီး ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းအကအဖွဲ့ များက ရှမ်းတိုင်းရင်သားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။


စည်သူဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)