ခရမ်းမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌ စာစစ်ဌာန(၁)ခုတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၄၇)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌ စာစစ်ဌာန(၁)ခုတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၄၇)ဦး ဝင်ရောက်ဖြေဆိုမည်


MNP  -   ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၁)ခုမှ  ကျောင်းသား၊ ကျောင်းသူစုစုပေါင်(၃၄၇)ဦးတို့က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုရန်အတွက်  လျှောက်လွှာများတင်သွင်းထားရှိကြောင်း သိရသည် ။


အ.ထ.က၊  (၁) ခရမ်းကျောင်းတွင်  စာဖြေဌာန (၁) ခုဖွင့် လှစ်၍ ဝိဇ္ဇာတွဲဘာသာတွင် ကျောင်းသား/ ကျောင်းသူ(၆)ဦး၊ သိပ္ပံတွဲဘာသာတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၂)ဦး၊ ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲနှစ်ပေါင်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ(၂၃၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၄၇)ဦးဖြစ်ပြီး ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားများကို အ.ထ.က-၁ စာစစ်ဌာနတွင်ထုတ် ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)