MNP - ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးငယ်များအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အပြောစွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စိတ်ကြိုက်ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အင်္ဂလိပ်+မြန်မာ စွမ်းရည်ပြိုင်ပွဲ၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲနှင့် အိမ်ဆောက်ပြိုင်ပွဲတို့ကို စိန်ဖရန့် စစ်ဇေးဗီးယား မူကြိုကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
စောဒိ
https://t.me/MyanmarNationalPost
No comments:
Post a Comment