သံတွဲခရိုင်၊ငပလီမြို့၌ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊ငပလီမြို့၌ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်



MNP  -   ဖေဖော်ဝါရီ   ၂၄     

                    သံတွဲခရိုင်၊ငပလီမြို့၌ယနေ့  ​နေ့လည်န(၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


       ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ဒေါ်မြင့်မြင့်အေးကပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့်ရုံးလုပ်ငန်းလက် စွဲစာအုပ်အခန်း(၇)ရုံးစာ​ရေးသားနည်း၊အားရှင်းလင်းပြော​​​ကြားသည်။


     ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့်ဝန်ထမ်းများကရုံးလုပ်ငန်းလက်စွဲစာအုပ်  အခန်း(၇)ပါရုံးစာ​​​ရေးသားနည်းအမျိုးအစားများမှစာတမ်း၊ အကျဉ်းချုံးစာ၊ အတိုချုံး​ရေးစာ၊ စာ​ပေးစာယူ၊ အမိန့်နှင့်ညွှန်​ကြားချက်၊အစည်းအ​​ဝေးမှတ်တမ်း၊ခရီး သွားမှတ်တမ်း၊လုပ်ငန်းမှတ်တမ်း၊လုပ် ငန်းစီမံချက်ကိုဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)